4
 1  ယောန သည် အလွန် စိတ်ညစ် ၍  အမျက်ထွက် သဖြင့် ၊ အို  ထာဝရဘုရား ၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ် သည် ကိုယ် ပြည် ၌ ရှိ စဉ် ၊ ဤသို့  ပြော ပါပြီ မ  ဟုတ် လော။ ထိုကြောင့် ၊ ကိုယ်တော်ထံမှ တာရှု မြို့သို့  ကြိုးစား၍ ပြေး ပါ၏။  2  ကိုယ်တော် သည် သနား  စုံမက်တတ်သော ဘုရား  ဖြစ်၍ စိတ်ရှည် သောသဘော၊ ကျေးဇူး ပြုချင်သော သဘော၊ အပြစ်ဒဏ် ပေးမည့်အမှုကို  နောင်တရ  တတ်သော သဘောရှိတော်မူကြောင်း ကို အကျွန်ုပ် သိ  ပါ၏။  3  သို့ဖြစ်၍ ၊ အိုထာဝရဘုရား  ၊ အကျွန်ုပ် အသက် ကို နှုတ်ယူ တော်မူပါ။ အကျွန်ုပ် အသက် ရှင်ခြင်းထက်  သေ ခြင်း သည် သာ၍ကောင်း ပါသည်ဟု တောင်း လျှောက်လေ ၏။  4  ထာဝရဘုရား ကလည်း ၊ သင် သည် အမျက် ထွက် ကောင်း သလောဟုမေး တော်မူ၏။  5  ယောန သည် မြို့ ၌  အဘယ်သို့ ဖြစ် မည်ကို  သိမြင်  ခြင်းငှါ၊ မြို့ ပြင်သို့ထွက် ၍  မြို့ အရှေ့ မျက်နှာ၌  တဲ မိုးကို လုပ် ပြီးလျှင် ၊ အမိုးအရိပ် တွင်  ထိုင် ၍နေ၏။  6  အရှင် ထာဝရဘုရား သည်လည်း  ကြက်ဆူ ပင်ကို ပြင်ဆင် ပြီးလျှင် ၊ ယောန၏စိတ်ကို ပြေ စေခြင်းငှါ သူ့  ခေါင်း ပေါ်မှာ လွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင် ကြောင့်  ယောန သည် အလွန် အားရဝမ်းမြောက် ၏။  7  နက်ဖြန် မိုဃ်းလင်း သောအခါ  ဘုရား သခင်ခန့် ထား တော်မူသောပိုး ကောင်သည် ကြက်ဆူ ပင်ကို ကိုက် ၍  ညှိုးနွမ်း စေ၏။  8  နေ ထွက် သောအခါ ဘုရား သခင်သည် အလွန် ပူ သောအရှေ့ လေ ကို ပြင်ဆင် တော်မူ၍ ၊ ယောန  ၏ ခေါင်း ကို  နေ ထိခိုက် သဖြင့်  သူသည် မော  ၍  သေ ချင်သော စိတ် ရှိ လျက် ၊ ငါ့ အသက်သေ ခြင်းသည် ရှင် ခြင်းထက်  သာ၍ကောင်း သည်ဟု မြည်တမ်း လေ၏။  9  ဘုရား သခင်ကလည်း ၊ သင်သည် ကြက်ဆူ ပင် အတွက်  အမျက် ထွက်ကောင်း သလောဟုမေး တော်မူလျှင်  ၊ ယောနက၊ အကျွန်ုပ် သည် အသက်သေ သည် တိုင်အောင်  အမျက် ထွက်ကောင်း ပါသည်ဟု လျှောက် ဆို၏။  10  ထာဝရဘုရား ကလည်း ၊ သင် သည် ပင်ပန်းစွာ မ  လုပ် ၊ ကြီးပွား စေခြင်းငှါလည်း  မ ပြုစု၊ တညဉ့် ခြင်းတွင် ပေါက် ၍  တညဉ့် ခြင်းတွင် သေ  သော  ကြက်ဆူ ပင်ကို  နှမြော သည်တကား။  11  ငါ သည် များစွာ သော တိရစ္ဆာန် တို့ကိုမဆို၊ ကိုယ် လက်ျာ လက်နှင့်  လက်ဝဲ လက်ကိုမျှ ပိုင်းခြား၍ မ  သိ  သော သူ  တသိန်း နှစ်သောင်းမက ၊ လူ  များ သော  နိနေဝေ မြို့ ကြီး ကို ငါနှမြော သင့်သည်မ ဟုတ်လောဟု မိန့် တော်မူ ၏။