2
 1  ငါး ၏ဝမ်း ထဲမှာနေစဉ်တွင်၊ ယောန  သည် မိမိ  ဘုရား သခင် ထာဝရဘုရား  ကို  ဆုတောင်း သောစကားဟူမူကား ၊  2  ငါသည် ဒုက္ခ  ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား  ကို  ဟစ် ခေါ်၍  ငါ့ စကားကို ကြား တော်မူ၏။ မရဏာ  နိုင်ငံ၏ ဝမ်း ထဲက  ဟစ် ခေါ်သော စကား  သံကို နားထောင်  တော်မူ၏။  3  ကိုယ်တော်သည် အကျွန်ုပ် ကို နက်နဲ သောအရပ်၊ သမုဒ္ဒရာ  အလယ် ချက်ထဲ သို့ ချ ပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍  လှိုင်း တံပိုး တော်ရှိသမျှ  တို့သည် လွှမ်း မွန်း ကြပါ၏။  4  ထိုသို့ မျက်မှောက် တော်မှ  နှင်ထုတ် ခြင်းကို ခံရသော်လည်း ၊ သန့်ရှင်း သောဗိမာန် တော်ကို မျက်မှောက် ပြု မြဲ  ပြုပါမည်ဟု အောက်မေ့လျက်နေ၏။  5  ရေ တို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်း သဖြင့်၊ အကျွန်ုပ်သည် ပင်လယ် အလယ်၌ အချုပ် ခံရပါ၏။ ပင်လယ်မြက်ပင် သည် အကျွန်ုပ် ခေါင်း ကို ပေါင်းစည်း လျက်ရှိပါ၏။  6  တောင် ခြေရင်း အမြစ်သို့  အကျွန်ုပ်ဆင်း ၍၊ မြေ  ကန့်လန့်ကျင် အတွင်း၌ အစဉ် အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို ပျက်စီး ရာမှ  ကယ်ဆယ် တော်မူလိမ့်မည်။  7  အကျွန်ုပ် သည် စိတ်ပျက် သောအခါ  ထာဝရဘုရား  ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ပဌနာ သည် သန့်ရှင်း သော ဗိမာန် တော်၌  ကိုယ်တော် ထံ သို့ဝင် ပါ၏။  8  မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ  တို့ ကရုဏာ  ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။  9  အကျွန်ုပ် မူကား ၊ ကျေးဇူး တော်ကို ချီးမွမ်းသော စကား  နှင့်  ကိုယ်တော် အား  ယဇ် ပူဇော်ပါမည်။ သစ္စာ  ဂတိ ထားသည်အတိုင်း  သစ္စာဝတ် ကို ပြုပါမည်။ ထာဝရဘုရား  ၏ ကျေးဇူးတော်ကြောင့်  ချမ်းသာ ရပါသည်ဟု ဆုတောင်းလေ၏။  10  ထိုအခါ  ငါး ကြီးသည် ထာဝရဘုရား  ၏ အမိန့်  တော်ကိုခံ ၍  ယောန ကို ကုန်း ပေါ် သို့ အန် လေ၏။