11
1 ရောဗောင် သည် ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ ၊ နိုင်ငံ တော်ကို ရောဗောင်လက်သို့ ရောက်ပြန်စေခြင်းငှါ၊ ယုဒ အမျိုး နှင့် ဗင်္ယာမိန်အမျိုးထဲက ရွေးချယ် သော စစ်သူရဲတသိန်း ရှစ်သောင်းတို့ကို စုဝေး စေ၏။ 2 သို့ရာတွင် ဘုရားသခင် ၏နှုတ်ကပတ် တော်သည် ဘုရားသခင် ၏လူ ရှေမာယ သို့ ရောက် ၍၊ 3 သင်သည် ရှောလမုန် သား ယုဒ ရှင်ဘုရင် ရောဗောင် နှင့်ယုဒ ခရိုင်၊ ဗင်္ယာမိန် ခရိုင်၌ ရှိသောဣသရေလ လူအပေါင်း တို့အား ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ 4 သင် တို့ညီအစ်ကို တို့ကို စစ်တိုက် ခြင်းငှါချီ၍ မ သွား ကြနှင့်။ လူအပေါင်းတို့၊ ကိုယ် နေရာ သို့ ပြန် သွားကြလော့။ ဤ အမှု ကိုငါ စီရင် ပြီဟု မိန့် တော်မူသောထာဝရဘုရား ၏စကား တော်ကိုနားထောင် ၍ ၊ ယေရောဗောင် ကို စစ် မချီ၊ ပြန် သွားကြ၏။ 5 ရောဗောင် သည် ယေရုရှလင် မြို့၌ နေ ၍ ၊ ယုဒ ပြည် ၌ ခိုင်ခံ့ သောမြို့ တို့ကိုပြုစု ရာတွင်၊ 6 ဗက်လင် မြို့၊ ဧတံ မြို့၊ တေကော မြို့၊ 7 ဗက်ဇုရ မြို့၊ ရှောကော မြို့၊ အဒုလံ မြို့၊ 8 ဂါသ မြို့၊ မရေရှ မြို့၊ ဇိဖ မြို့၊ 9 အဒေါရိမ် မြို့၊ လာခိရှ မြို့၊ အဇေကာ မြို့၊ 10 ဇောရာ မြို့၊ အာဇလုန် မြို့၊ ဟေဗြုန် မြို့တည်းဟူသော ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင်တွင် ခိုင်ခံ့ သောမြို့ တို့ကို ပြုစု လေ၏။ 11 ရဲတိုက် များကိုလည်း ခိုင်ခံ့ စေ၍ ၊ အကြီးအကဲ နှင့်တကွ ဆီ ၊ စပျစ်ရည် များ၊ ရိက္ခါ များကို သိုထား လေ၏။ 12 ယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသည် အမှုတော်ကို ထမ်းရွက်သောကြောင့်၊ မြို့ အသီးအသီး တို့၌ ဒိုင်း လွှား လှံ လက်နက်များကို ထား၍ အလွန် ခိုင်ခံ့ စေ၏။ 13 ဣသရေလ ပြည် အရပ်ရပ် ၌ ရှိသောယဇ် ပုရောဟိတ် လေဝိ သားတို့သည်၊ မိမိ တို့နေရာ မှ အထံ တော်သို့ လာ ကြ၏။ 14 လေဝိ သားတို့သည်၊ မိမိ တို့နေရာ ဖြစ်သော ပိုင် ထိုက်ရာအရပ်ကို စွန့် ၍ ၊ ယုဒ ပြည်ယေရုရှလင် မြို့သို့ ရောက် လာသောအကြောင်းဟူမူကား၊ ယေရောဗောင် နှင့် သူ ၏သား တို့သည်၊ လေဝိသားတို့ကို ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို စောင့်ရသောအရာမှ ချ ၍၊ 15 မြင့် သောအရပ်၊ နတ်ဆိုး ၊ မိမိလုပ် သော နွားသငယ် တို့အဘို့ ၊ ယဇ် ပုရောဟိတ်တို့ကို ခန့်ထား သတည်း။ 16 ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ကို ရှာ လိုသောငှါ ၊ သဘော ချ သောသူတို့သည်လည်း၊ ဣသရေလ ခရိုင် များထဲက ထွက်၍၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား အား ယဇ် ပူဇော်အံ့သောငှါ ၊ လေဝိ သားတို့နောက် သို့လိုက်၍ ၊ ယေရုရှလင် မြို့သို့ ရောက် လာကြ၏။ 17 ထိုသို့သူတို့သည် ယုဒ နိုင်ငံ ကို အားပေး ၍ ရှောလမုန် သား ရောဗောင် ကို သုံး နှစ် ပတ်လုံးခိုင်ခံ့ စေကြ၏။ သုံး နှစ် ပတ်လုံးဒါဝိဒ် လမ်း၊ ရှောလမုန် လမ်း သို့ လိုက် ကြ၏။ 18 ရောဗောင် သည်လည်း ဒါဝိဒ် သား ယေရိမုတ် သမီး မဟာလတ် ၊ ယေရှဲ သား ဧလျာဘ သမီး အဘိဟဲလ နှင့်စုံဘက် ၍၊ 19 ယုရှ ၊ ရှမာရိ ၊ ဇာဟံ ၊ သား သုံးယောက်တို့ကို မြင် ရ၏။ 20 ထိုနောက် ၊ အဗရှလုံ သမီး မာခါ နှင့်စုံဘက် ၍ အဘိယ ၊ အတ္တဲ ၊ ဇိဇ ၊ ရှေလောမိတ် တို့ကို မြင် ရ၏။ 21 ရောဗောင် သည် ခင်ပွန်း တဆယ် ရှစ် ယောက်၊ မောင်းမမိဿံ ခြောက်ဆယ် တို့ကို သိမ်းယူ ၍ ၊ သား နှစ်ဆယ် ရှစ် ယောက်၊ သမီး ခြောက်ဆယ် တို့ကို ရ သည်တွင် ၊ အဗရှလုံ သမီး မာခါ ကို အခြားသောခင်ပွန်း မောင်းမမိဿံ အပေါင်း တို့ထက် သာ၍ချစ် သောကြောင့်၊ 22 မာခါ ၏သား အဘိယ ကို ရှင် ဘုရင်အရာ ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကို တို့တွင် ၊ အကြီးဆုံး ဖြစ်စေ ခြင်းငှါ ချီးမြှောက် လေ၏။ 23 ပညာ သတိနှင့်စီရင်၍ ၊ ယုဒ ခရိုင် နှင့် ဗင်္ယာမိန် ခရိုင် အရပ်ရပ် တို့တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှ တို့၌ ၊ မိမိ သား တို့ကို အနှံ့အပြား နေရာချ၍ ၊ များစွာ သောရိက္ခါ ကို သိုထား၏။ မယား အများ တို့ကို အလို ရှိ၏။