6
ဗျာဒိတ်ရူပါရုံတွင်ရထားလေးစီးကို တွေ့မြင်ရခြင်း
1 အခြားဗျာဒိတ်ရူပါရုံတစ်ခုကိုငါမြင်ရ ပြန်၏။ ဤအကြိမ်၌ငါသည်ကြေးဝါတောင် နှစ်ခုကြားမှထွက်လာသောစစ်မြင်းရထား လေးစီးကိုမြင်ရလေသည်။- 2 ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊-✡ ဗျာ၊ ၆:၄-၅။ 3 တတိယစစ်မြင်းရထားတွင်မြင်းဖြူများ၊ စတုတ္ထစစ်မြင်းရထားတွင်ပြောက်ကျား မြင်းများကလျက်ရှိ၏။-✡ ဗျာ၊ ၆:၂။ 4 ထိုနောက်ငါသည်ကောင်းကင်တမန်အား``အရှင်၊ ဤစစ်မြင်းရထားများကားမည်သည့်အနက် ကိုဆောင်ပါသနည်း'' ဟုမေးလျှင်၊
5 ကောင်းကင်တမန်က``ယင်းတို့သည်လေလေးပါး ဖြစ်၏။ ထိုလေတို့သည်ကမ္ဘာမြေပြင်တစ်ခုလုံး ကိုအစိုးရသောအရှင်၏ရှေ့တော်မှောက်မှ ယခုပင်ထွက်လာခဲ့ကြ၏'' ဟုဆိုလေသည်။✡ ဗျာ၊ ၇:၁။
6 မြင်းနက်များကသည့်စစ်မြင်းရထားသည် မြောက်အရပ်သို့လည်းကောင်း၊ မြင်းဖြူများ သည်အနောက်ဘက်သို့လည်းကောင်း၊ ပြောက် ကျားမြင်းများသည်တောင်ဘက်အရပ် ဒေသသို့လည်းကောင်းသွားလျက်နေကြ၏။- 7 ပြောက်ကျားမြင်းများသည်ကမ္ဘာမြေပြင် ကိုကြည့်ရှုစစ်ဆေးရန် အလျင်စလိုထွက် လာကြလေသည်။ ကောင်းကင်တမန်က``သူ တို့အားကမ္ဘာမြေပြင်ကိုသွားရောက်ကြည့် ရှုစစ်ဆေးကြလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ထွက်သွားကြ၏။- 8 ထိုနောက်ကောင်းကင်တမန်သည်ငါ့အား၊``မြောက် အရပ်သို့သွားသည့်မြင်းတို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုပြေစေကြလေ ပြီ'' ဟုပြော၏။
ယောရှုအားမင်းမြှောက်ရန်အမိန့်တော်
9 ထာဝရဘုရားသည်ငါ့အားဤသို့ဗျာဒိတ် ပေးတော်မူ၏။- 10 ကိုယ်တော်က``ပြည်နှင်ဒဏ်သင့်သူဟေလဒဲ၊ တောဘိယနှင့်ယေဒါသအနွယ်ဝင်တို့၏ အလှူပစ္စည်းများကိုယူ၍ ဇေဖနိ၏သား ယောရှိအိမ်သို့ချက်ချင်းသွားလော့။ ဤသူ အပေါင်းတို့သည် ဗာဗုလုန်ပြည်တွင်ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူများ ဖြစ်၏။- 11 သူတို့ပေးလှူထားသည့်ရွှေငွေများဖြင့် သရဖူတစ်ခုကိုပြုလုပ်၍ ယောဇဒက် ၏သားယဇ်ပုရောဟိတ်မင်းယောရှု၏ ဦးခေါင်းကိုဆောင်းပေးလော့။- 12 အနန္တတန်ခိုးရှင်ထာဝရဘုရားက``အညွှန့် အတက်'' ဟုနာမည်တွင်သူသည်မိမိရှိရာ အရပ်တွင်ကြီးပွားတိုးတက်လျက်ထာဝရ ဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက် ရလိမ့်မည်။-✡ ယေ၊ ၂၃:၅၊ ၃၃:၁၅။ ဇာ၊ ၃:၈။ 13 ထိုသူသည်ဗိမာန်တော်ကိုတည်ဆောက်ရမည့် သူ၊ ဘုရင်တို့နှင့်ထိုက်တန်သည့်ဘုန်းအသရေ ကိုခံယူရရှိမည့်သူဖြစ်သဖြင့် မိမိ၏အမျိုး သားတို့ကိုအုပ်စိုးရလိမ့်မည်။ သူ၏ရာဇပလ္လင် အနီးတွင်ယဇ်ပုရောဟိတ်တစ်ပါးသည်ရပ် လျက်သူနှင့်အတူငြိမ်းချမ်းသင့်မြတ်စွာ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မည်။- 14 ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။
15 ရပ်ဝေးဒေသတွင်နေထိုင်ကြကုန်သော လူတို့သည်လာ၍ ထာဝရဘုရား၏ဗိမာန် ကိုပြန်လည်တည်ဆောက်ရာတွင်ကူညီဆောင် ရွက်ကြလိမ့်မည်။ ထိုဗိမာန်တော်ကိုပြန်လည် တည်ဆောက်၍ပြီးသောအခါ သင်တို့သည် မိမိတို့ထံသို့ငါ့အားအနန္တတန်ခိုးရှင် ထာဝရဘုရားစေလွှတ်တော်မူခဲ့ကြောင်း သိရှိကြလိမ့်မည်။ အကယ်၍သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်တို့ကိုတိကျစွာလိုက်နာကြ ပါမူဤအမှုအရာများဖြစ်ပျက်လာ လိမ့်မည်။