17
ပြည့်တန်ဆာမကြီး
1 ထိုနောက်ဖလားခုနစ်လုံးကိုကိုင်ထားသော ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါး သည်ငါ့ထံသို့လာ၍``လာလော့။ မြစ်များအနီး တွင်တည်ရှိသည့်မြို့ကြီးတည်းဟူသော ပြည့်တန် ဆာမကြီးခံရသည့်အပြစ်ဒဏ်ကိုသင့်အား ငါပြမည်။-✡ ယေ၊ ၅၁:၁၃။ 2 ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။✡ ဟေရှာ၊ ၂၃:၁၇။ ယေ၊ ၅၁:၇။
3 ထိုနောက်ကောင်းကင်တမန်သည်ဝိညာဉ်တော်အား ဖြင့် ငါ့အားတောကန္တာရသို့ဆောင်ယူသွား၏။ ထို အရပ်တွင်သားရဲနီပေါ်၌ထိုင်နေသောအမျိုး သမီးတစ်ယောက်ကိုငါမြင်ရ၏။ သားရဲ၏ ကိုယ်တစ်ကိုယ်လုံးပေါ်တွင်ဘုရားသခင်၏ အသရေတော်ကိုရှုတ်ချသည့်အမည်နာမ များကို အနှံ့အပြားရေးသားထား၏။ သူ့ မှာဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိ၏။-✡ ဗျာ၊ ၁၃:၁။ 4 အမျိုးသမီးသည်အနီနှင့်မရမ်းစေ့ရောင် အဝတ်များကိုဝတ်လျက်ရွှေတန်ဆာ၊ ငွေတန် ဆာ၊ ကျောက်မျက်ရတနာတန်ဆာ၊ ပုလဲတန် ဆာများကိုဆင်ယင်ထား၏။ သူသည်ကာမ ဂုဏ်လိုက်စားမှုဆိုင်ရာစက်ဆုပ်ရွံရှာဖွယ် ကောင်းသောညစ်ညမ်းမှုများနှင့်ပြည့်နေ သည့်ရွှေဖလားကိုကိုင်ထား၏။-✡ ယေ၊ ၅၁:၇။ 5 သူ၏နဖူးပေါ်တွင်``ပြည့်တန်ဆာအပေါင်းနှင့် လောက၌စက်ဆုပ်ဖွယ်ရာများ၏မိခင်၊ ဗာဗု လုန်မြို့ကြီး'' ဟူ၍လျှို့ဝှက်သည့်အနက်ရှိ သောကမ္ပည်းကိုရေးထိုးထား၏။- 6 ထိုအမျိုးသမီးသည်ဘုရားသခင်လူစုတော် ၏သွေးကိုလည်းကောင်း၊ သခင်ယေရှုကိုသစ္စာ ရှိသဖြင့် အသတ်ခံရသူတို့၏သွေးကိုလည်း ကောင်းသောက်၍ယစ်မူးလျက်ရှိသည်ကိုငါ တွေ့မြင်ရ၏။
သူ့ကိုမြင်ရသောအခါငါသည်လွန်စွာ အံ့သြ၍နေ၏။- 7 ကောင်းကင်တမန်ကအဘယ်ကြောင့်အံ့သြ သနည်း။ ထိုအမျိုးသမီး၏လျှို့ဝှက်သည့် အနက်အဋ္ဌိပ္ပါယ်ကိုလည်းကောင်း၊ သူထိုင်နေ သောဦးခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်း ရှိသည့်သားရဲ၏လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ် ကိုလည်းကောင်းငါပြောပြမည်။- 8 သင်မြင်ရသည့်သားရဲသည်အခါတစ်ပါးက အသက်ရှင်ခဲ့သော်လည်း ယခုအသက်မရှင် တော့ပေ။ သူသည်တွင်းနက်ကြီးထဲမှတက်လာ ပြီးလျှင် ဖျက်ဆီးခြင်းခံရပေတော့မည်။ ကမ္ဘာ လောကကိုဖန်ဆင်းတော်မမူမီကပင်လျှင် အသက်စာစောင်စာရင်းတွင်မပါဝင်သူ ကမ္ဘာသူကမ္ဘာသားတို့သည် ထိုသားရဲကို မြင်သောအခါအံ့သြကြလိမ့်မည်။ သူသည် အခါတစ်ပါးကအသက်ရှင်ခဲ့၏။ ယခု အသက်မရှင်တော့သော်လည်းနောက်တစ်ဖန် အသက်ရှင်၍လာဦးမည်။✡ ဒံ၊ ၇:၇။ ဗျာ၊ ၁၁:၇။ ဆာ၊ ၆၉:၂၈။
9 ``ဤအမှုအရာနှင့်ပတ်သက်၍ဉာဏ်ပညာနှင့် အသိတရားရှိရန်လိုပေသည်။ ဦးခေါင်းခုနစ် လုံးသည်အမျိုးသမီးထိုင်နေသည့်တောင်ခုနစ် လုံးကိုဆိုလို၏။ ရှင်ဘုရင်ခုနစ်ပါးကိုလည်း ဆိုလို၏။- 10 ရှင်ဘုရင်ငါးပါးကားကျဆုံးသွားလေပြီ။ တစ်ပါးသည်အသက်ရှင်လျက်ရှိ၏။ အခြား တစ်ပါးမှာမပေါ်ထွန်းသေးပေ။ ပေါ်ထွန်း လာလျှင်လည်းခဏမျှသာအုပ်စိုးရလိမ့်မည်။- 11 အခါတစ်ပါးကအသက်ရှင်ခဲ့၍ယခု အသက်မရှင်တော့သည့်သားရဲသည်အဋ္ဌမ မြောက်ဘုရင်ဖြစ်၏။ သူသည်ဘုရင်ခုနစ်ပါး တို့တွင်အပါအဝင်ဖြစ်၏။ သူသည်ကား သေကျေပျက်စီးရမည့်သူဖြစ်သတည်း။
12 ``သင်မြင်ရသည့်ဦးချိုဆယ်ချောင်းတို့သည် မင်း အာဏာစက်ကိုမရသေးသောရှင်ဘုရင်ဆယ် ပါးဖြစ်၏။ သူတို့သည်သားရဲနှင့်အတူတစ် နာရီစီအုပ်စိုးခွင့်ရမည့်သူများဖြစ်သည်။-✡ ဒံ၊ ၇:၂၄။ 13 ထိုဘုရင်များတွင်ရည်ရွယ်ချက်တစ်ခုတည်းရှိ ၏။ သူတို့သည်မိမိတို့တန်ခိုးအာဏာများကို သားရဲသို့ပေးအပ်ကြ၏။- 14 သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
15 ထိုနောက်ကောင်းကင်တမန်ကငါ့အား``ပြည့် တန်ဆာမထိုင်လျက်နေသည့်ရေသည်တိုင်းနိုင်ငံ များရှိဘာသာစကားအမျိုးမျိုးကိုပြောသော လူမျိုးများ၊ ပြည်သူပြည်သားများဖြစ်၏။- 16 သင်မြင်ရသောသားရဲနှင့်ဦးချိုဆယ်ချောင်း တို့သည် ပြည့်တန်ဆာမကိုမုန်းကြလိမ့်မည်။ သူတို့သည်ပြည့်တန်ဆာမထံမှရှိသမျှ ကိုချွတ်ယူလျက်အဝတ်အချည်းစည်းဖြစ် စေကြလိမ့်မည်။ သူ၏အသားကိုစား၍သူ့ ကိုမီးရှို့ကြလိမ့်မည်။- 17 သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။
18 သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။