6
ချိပ်​တံ​ဆိပ်​များ
ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။- ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​ဖြူ​တစ်​ကောင် ကို​တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​သည်​လေး​ကို​ကိုင် ထား​၏။ သ​ရ​ဖူ​ကို​ခံ​ယူ​ရ​ရှိ​ထား​၏။ သူ သည်​အောင်​ပွဲ​ခံ​ပြီး​သော​သူ​အ​နေ​ဖြင့်​ဆက် လက်​အောင်​ပွဲ​ခံ​ရန်​ထွက်​ခွာ​သွား​၏။ ဇာ၊ ၁:၈၊ ၆:၃၊၆။
သိုး​သူ​ငယ်​တော်​သည်​ဒု​တိ​ယ​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဒု​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။- ထို​နောက်​မြင်း​နီ​တစ်​ကောင်​ထွက်​လာ​၏။ လူ​တို့ သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သတ်​ဖြတ်​ကြ​စေ​ရန်​မြင်း​စီး​သူ​ရဲ​အား ဤ လော​က​တွင်​စစ်​မက်​ဖြစ်​ပွား​စေ​နိုင်​သည့်​တန်​ခိုး ကို​ပေး​အပ်​ထား​၏။ ဋ္ဌား​ကြီး​တစ်​လက်​ကို​သူ့ အား​ပေး​ထား​၏။ ဇာ၊ ၁:၈၊ ၆:၂။
သိုး​သူ​ငယ်​တော်​သည်​တ​တိ​ယ​ချိပ်​တံ​ဆိပ်​ကို ဖွင့်​လိုက်​သော​အ​ခါ တ​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။ ငါ​ကြည့်​လိုက်​သော အ​ခါ​မြင်း​နက်​တစ်​ကောင်​ကို​တွေ့​ရ​၏။ မြင်း​စီး သူ​ရဲ​သည်​ချိန်​ခွင်​ကို​ကိုင်​ထား​၏။- ဇာ၊ ၆:၂၊၆။ သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ သည်​ဟု​ထင်​ရ​သော​အ​သံ​တစ်​ခု​ကို​ငါ​ကြား ရ​၏။ ထို​အ​သံ​က``ဂျုံ​ဆန်​တစ်​ခွက်​ကို​တစ်​နေ့ စာ​လုပ်​အား​ခ​ပေး​ရ​၏။ သို့​ရာ​တွင်​သံ​လွင် ဥ​ယျာဉ်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ဖျက် ဆီး​ကြ​နှင့်'' ဟု​ဆို​၏။
သိုး​သူ​ငယ်​တော်​သည်​စတုတ္ထ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​၏​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​သတ္တ​ဝါ​က``လာ​လော့'' ဟု ဆို​၏။- ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​မွဲ​တစ်​ကောင်​ကို တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​၏​နာ​မည်​မှာ​သေ​မင်း ဖြစ်​၏။ သူ​၏​နောက်​မှ​မ​ရ​ဏာ​နိုင်​ငံ​လိုက်​ပါ လာ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ် ပုံ​တွင်​ရှိ​သော​လူ​တို့​အား​ဋ္ဌား​ဘေး၊ ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ သား​ရဲ တိ​ရစ္ဆာန်​များ​၏​ဘေး​တို့​ဖြင့်​သေ​စေ​နိုင်​သည့် အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​ထား​ကြ​၏။ ယေဇ၊ ၁၄:၂၁။
သိုး​သူ​ငယ်​တော်​သည်​ပဉ္စမ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဘု​ရား​သခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း၊ သစ္စာ​နှင့်​သက်​သေ​ခံ​သည့်​အ​တွက် ကြောင့်​လည်း​ကောင်း​အ​သတ်​ခံ​ကြ​ရ​သူ​တို့ ၏​ဝိ​ညာဉ်​များ​ကို​ပလ္လင်​တော်​အောက်​တွင်​ငါ မြင်​ရ​၏။- 10 ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။- 11 ထို​သူ​တို့​သည်​ဝတ်​လုံ​ဖြူ​တစ်​ထည်​စီ​ကို​ရ​ပြီး လျှင် မိ​မိ​တို့​နည်း​တူ​အ​သတ်​ခံ​ရ​ကြ​မည့် အ​စေ​ခံ​ချင်း​နှင့်​ညီ​အစ်​ကို​ချင်း အ​ရေ​အ​တွက် ပြည့်​သည့်​တိုင်​အောင်​ခ​ဏ​ငြိမ်​သက်​စွာ​နေ​ကြ ရန်​အ​မိန့်​ကို​ရ​ကြ​၏။
12 ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ဆ​ဋ္ဌ​မ​ချိပ် တံ​ဆိပ်​တော်​ကို​ဖွင့်​လေ​လျှင် မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ နေ​သည်​ဂုံ​အိတ်​ထည်​မည်း​ကဲ့ သို့​မည်း​နက်​လာ​၏။ လ​တစ်​ဝန်း​လုံး​သည် လည်း​သွေး​ကဲ့​သို့​နီ​လာ​၏။- ဗျာ၊ ၁၁:၁၃၊ ၁၆:၁၈။ ဟေရှာ၊ ၁၃:၁၀။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။ 13 ကောင်း​ကင်​ရှိ​ကြယ်​များ​သည်​လေ​ပြင်း​ဒဏ် ကြောင့် အ​ပင်​မှ​ကြွေ​ကုန်​သော​င်္သဘော​သ​ဖန်း သီး​စိမ်း​များ​ကဲ့​သို့​ကမ္ဘာ​မြေ​သို့​ကျ​ကုန်​၏။ ဟေရှာ၊ ၃၄:၄။
14 မိုး​ကောင်း​ကင်​သည်​စာ​စောင်​ကို​လိပ်​သ​ကဲ့​သို့ ပျောက်​ကွယ်​သွား​၏။ တောင်​များ​နှင့်​ကျွန်း​ရှိ သ​မျှ​သည်​မိ​မိ​တို့​နေ​ရာ​မှ​ရွေ့​သွား​ကြ​ကုန်​၏။- ဗျာ၊ ၁၆:၂၀။ 15 ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။- ဟေရှာ၊ ၂:၁၉၊၂၁။ 16 ထို​သူ​တို့​က​တောင်​များ၊ ကျောက်​ဆောင်​များ အား``ငါ​တို့​အ​ပေါ်​သို့​ပြို​ကျ​လျက်​ပလ္လင်​တော် ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏​မျက်​နှာ​တော် ကို​မ​မြင်​ရ​စေ​ရန်​နှင့်​သိုး​သူ​ငယ်​တော်​၏ အ​မျက်​တော်​မ​သင့်​ကြ​စေ​ရန်​ငါ​တို့​အား ဖုံး​ကွယ်​၍​ထား​ကြ​ပါ။- ဟော၊ ၁၀:၈။ လု၊ ၂၃:၃၀။ 17 ထို​အရှင်​တို့​၏​အ​မျက်​တော်​သင့်​မည့်​နေ့​ရက် ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ထို​အ​မျက်​တော် ကို​အ​ဘယ်​သူ​သည်​ရပ်​ခံ​နိုင်​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ယောလ၊ ၂:၁၁။ မာလ၊ ၃:၂။

6:2 ဇာ၊ ၁:၈၊ ၆:၃၊၆။

6:4 ဇာ၊ ၁:၈၊ ၆:၂။

6:5 ဇာ၊ ၆:၂၊၆။

6:8 ယေဇ၊ ၁၄:၂၁။

6:12 ဗျာ၊ ၁၁:၁၃၊ ၁၆:၁၈။ ဟေရှာ၊ ၁၃:၁၀။ ယောလ၊ ၂:၁၀၊၃၁၊ ၃:၁၅။ မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၄-၂၅။ လု၊ ၂၁:၂၅။

6:13 ဟေရှာ၊ ၃၄:၄။

6:14 ဗျာ၊ ၁၆:၂၀။

6:15 ဟေရှာ၊ ၂:၁၉၊၂၁။

6:16 ဟော၊ ၁၀:၈။ လု၊ ၂၃:၃၀။

6:17 ယောလ၊ ၂:၁၁။ မာလ၊ ၃:၂။