37
ယေရမိအားဇေဒကိပန်ကြားချက်
1 ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယောယ ကိမ်သားယေခေါနိမင်းအစား ယောရှိ၏သား ဇေဒကိအားယုဒဘုရင်အဖြစ်ခန့်ထား သော်လည်း၊-✡ ၄ရာ၊ ၂၄:၁၇။ ၆ရာ၊ ၃၆:၁၀။ 2 ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
3 ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။- 4 ထိုအခါငါသည်ထောင်ထဲသို့မရောက်သေး ပေ။ ငါသည်လူတို့နှင့်လွတ်လပ်စွာသွားလာ ပေါင်းသင်းလျက်နေနိုင်သေး၏။- 5 ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
6 ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊- 7 `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။- 8 ထိုအခါဗာဗုလုန်အမျိုးသားတို့သည်ပြန် လာပြီးလျှင် ဤမြို့ကိုတိုက်ခိုက်သိမ်းယူကာ မီးရှို့လိုက်ကြလိမ့်မည်။- 9 ဗာဗုလုန်အမျိုးသားတို့သည်မုချပြန်လာ ကြလိမ့်မည်။ သို့ဖြစ်၍သူတို့ပြန်လာကြတော့ မည်မဟုတ်ဟုသင်တို့အထင်မမှားကြစေ ရန်သင်တို့အားငါထာဝရဘုရားသတိ ပေး၏။- 10 အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
ယေရမိအဖမ်းခံရခြင်းနှင့်ထောင်ကျခြင်း
11 ဖာရောဘုရင်၏တပ်မတော်သည်နီးကပ်၍ လာသဖြင့် ဗာဗုလုန်တပ်မတော်သည်ဆုတ် ခွာသွားတော့၏။- 12 ထိုအခါငါယေရမိသည်မိမိအိမ်ထောင်စု နှင့်ဆိုင်သောအမွေခံပစ္စည်းကိုသိမ်းယူရန် ယေရုရှလင်မြို့မှဗင်္ယာမိန်နယ်မြေသို့ စတင်ထွက်ခွာသွားလေသည်။- 13 သို့ရာတွင်ဗင်္ယာမိန်တံခါးသို့ ရောက်ရှိသော အခါဟာနနိ၏မြေး၊ ရှေလမိ၏သား ဣရိယဟုဆိုသူကင်းမှူးက``သင်သည် ဗာဗုလုန်အမျိုးသားတို့၏ဘက်သို့ထွက် ပြေးသူဖြစ်ပါသည်တကား'' ဟုဆို၏။
14 ငါက``သင်ပြောသကဲ့သို့မဟုတ်။ ငါမထွက် ပြေးပါ'' ဟုပြန်ပြောသော်လည်းဣရိယ သည်ငါ၏စကားကိုနားမထောင်ဘဲ ငါ့ ကိုဖမ်းဆီးပြီးလျှင်မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေသည်။- 15 ထိုသူတို့သည်ငါ့အားပြင်းစွာအမျက်ထွက် သဖြင့်ရိုက်နှက်ပြီးလျှင် ဘုရင်အတိုင်ပင်ခံ အရာရှိယောနသန်၏အိမ်တွင်အကျဉ်းချ ထားကြ၏။ (ထိုအိမ်ကိုထောင်အဖြစ်သို့ ပြောင်းလဲ၍ထားသတည်း။-) 16 ငါသည်လည်းမြေအောက်အချုပ်ခန်းသို့ရောက် ရှိကာ ကာလကြာမြင့်စွာအကျဉ်းခံလျက် နေရလေတော့၏။
17 ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။
ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။- 18 ထိုနောက်ငါက``အကျွန်ုပ်သည်အရှင်နှင့် အရှင့်မှူးမတ်များသို့မဟုတ်ဤပြည်သူ တို့ကိုအဘယ်သို့ပြစ်မှားမိသဖြင့် အရှင် သည်အကျွန်ုပ်အားအကျဉ်းချ၍ထား တော်မူပါသနည်း။- 19 ဗာဗုလုန်ဘုရင်သည်အရှင့်ကိုသော်လည်းကောင်း၊ ဤပြည်ကိုသော်လည်းကောင်းတိုက်ခိုက်လိမ့်မည် မဟုတ်ဟု ဟောပြောခဲ့ကြသည့်အရှင်၏ပရော ဖက်များကားအဘယ်မှာရှိပါသနည်း။- 20 အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။
21 ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။