2
ထာဝရငြိမ်းချမ်းသာယာမှု
1 အောက်ပါဗျာဒိတ်တော်မှာ၊ ယုဒပြည်နှင့် ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည် ကို အာမုတ်၏သားဟေရှာယအားဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော်ဖြစ်၏။
2 ဟေရှာယက
နောင်လာလတ္တံ့သောကာလ၌ ယခုဗိမာန်တော်တည်ရာတောင်တော်သည်
တောင်တကာတို့ကိုလွှမ်းမိုး၍ အမြင့်ဆုံးဖြစ်လိမ့်မည်။
လူမျိုးအပေါင်းတို့သည်လည်းထိုတောင်တော်သို့ လာရောက်ကြလိမ့်မည်။
3 သူတို့က
``ထာဝရဘုရား၏တောင်တော်ပေါ်သို့
ဣသရေလအမျိုးသားတို့ဘုရားသခင်၏ ဗိမာန်တော်သို့ငါတို့တက်ကြကုန်အံ့။
ကိုယ်တော်၏အလိုတော်ကိုသင်ယူကြကုန်အံ့။
ကိုယ်တော်ရွေးချယ်ပေးတော်မူသောလမ်းကို
ငါတို့လိုက်လျှောက်ကြကုန်အံ့'' ဟုဆိုကြ လိမ့်မည်။
``ထာဝရဘုရား၏တရားတော်သည် ယေရုရှလင်မြို့မှလည်းကောင်း
ကိုယ်တော်၏နှုတ်ကပတ်တော်သည်
ဇိအုန်တောင်ပေါ်မှလည်းကောင်း ပေါ်ထွက်လာလိမ့်မည်။''
4 ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။
သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊
မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။
လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။
နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။✡ ယောလ၊ ၃:၁၀။
5 ယာကုပ်၏သားမြေးတို့၊ ယခုငါတို့သည် ထာဝရဘုရားပေးတော်မူသောအလင်း ၌ကျင်လည်ကြကုန်အံ့။
မာနထောင်လွှားခြင်းကိုဖျက်ဆီးတော်မူလိမ့်မည်
6 အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ယာကုပ်၏ သားမြေးများဖြစ်သည့်ကိုယ်တော်ရှင်၏လူမျိုး တော်အားစွန့်ပစ်တော်မူပါပြီ။ သူတို့၏ပြည် သည်လည်းအရှေ့နိုင်ငံသားများ၊ ဖိလိတ္တိ အမျိုးသားတို့၏မှော်အတတ်ကိုကျင့်သုံး သူများနှင့်ပြည့်နှက်လျက်ရှိပါ၏။ ပြည်သူ တို့သည်နိုင်ငံခြားဋ္ဌလေ့ထုံးစံများကို လိုက်လျှောက်ကြပါ၏။- 7 သူတို့၏ပြည်သည်ရွှေ၊ ငွေပေါများသဖြင့် အတိုင်းမသိအောင်ချမ်းသာကြွယ်ဝပါ၏။ သူတို့၏ပြည်၌မြင်းပေါများ၍ မြင်းရထား အရေအတွက်မှာလည်းအတိုင်းမသိအောင် များပါ၏။- 8 သူတို့၏ပြည်သည်ရုပ်တုဆင်းတုများနှင့်ပြည့် နှက်နေလျက်လူတို့သည် မိမိတို့လက်ဖြင့်ပြု လုပ်သည့်အရာများကိုဝတ်ပြုကိုးကွယ် ကြပါ၏။
9 သို့ဖြစ်၍လူတိုင်းပင်လျှင် ရှုတ်ချခြင်းကိုခံရ ၍အရှက်ကွဲကြပါလိမ့်မည်။ အို ထာဝရဘုရား၊ သူတို့အားအပြစ်ဖြေလွှတ်တော်မမူပါနှင့်။
10 ထာဝရဘုရား၏အမျက်တော်၊ ကိုယ်တော် ၏တန်ခိုးတော်နှင့်ဘုန်းအသရေတော်တို့၏ အရှိန်အဝါမှကင်းလွတ်ကြစေရန် သူတို့ သည်ကျောက်တောင်လှိုဏ်ဂူများ၌သော်လည်း ကောင်း၊ မြေတွင်းတူး၍သော်လည်းကောင်းပုန်း အောင်းနေကြလိမ့်မည်။-✡ ဗျာ၊ ၆:၁၅။ ၂သက်၊ ၁:၉။ 11 လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။- 12 ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။- 13 ကိုယ်တော်သည်လေဗနုန်တောင်မှအာရစ်ပင် မြင့်တို့နှင့် ဗာရှန်တောမှဝက်သစ်ချပင်များ ကိုချိုးချတော်မူလိမ့်မည်။- 14 တောင်ကြီးတောင်ငယ်တို့ကိုဖြိုချတော်မူ၍၊- 15 မြင့်မားသောမျှော်စင်မှန်သမျှနှင့် မြို့ရိုး မှန်သမျှကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။- 16 ကိုယ်တော်သည်အကြီးဆုံးအလှဆုံးသော သင်္ဘောများကိုပင် နစ်မြုပ်စေတော်မူလိမ့်မည်။- 17 လူတို့၏မာန်စွယ်သည်ကျိုး၍မောက်မာထောင် လွှားမှုများသည်ပျက်သုဉ်းရလိမ့်မည်။ ထို ကာလကျရောက်သောအခါထာဝရဘုရား တစ်ပါးတည်းသာလျှင် ချီးမြှောက်ခြင်းကို ခံတော်မူရလိမ့်မည်။- 18 ရုပ်တုဆင်းတုတို့သည်လုံးဝကွယ်ပျောက်၍ သွားလိမ့်မည်။
19 ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ၊ လူတို့ သည်ထာဝရဘုရား၏အမျက်တော်၊ ကိုယ် တော်၏တန်ခိုးတော်နှင့်ဘုန်းအသရေတော် အရှိန်အဝါမှကင်းလွတ်ကြစေရန် ကျောက် တောင်လှိုဏ်ဂူများတွင်သော်လည်းကောင်း၊ မြေ တွင်းတူး၍သော်လည်းကောင်းပုန်းအောင်း နေကြလိမ့်မည်။- 20 ထိုနေ့ရက်ကာလရောက်သောအခါလူတို့သည် မိမိတို့သွန်းလုပ်ထားသည့်ရွှေ၊ ငွေရုပ်တုများ ကိုပွေးကောင်နှင့်လင်းနို့တို့၏အကြားတွင် စွန့်ပစ်၍ထားကြလိမ့်မည်။- 21 ကမ္ဘာမြေကြီးကိုတုန်လှုပ်ချောက်ချားစေရန် ကိုယ်တော်ကြွလာတော်မူသောအခါ လူတို့ သည်ကိုယ်တော်၏အမျက်တော်၊ တန်ခိုးတော် နှင့်ဘုန်းအသရေတော်၏အရှိန်အဝါမှ ကင်းဝေးကြစေရန် မြေတွင်းများနှင့်ကျောက် တောင်လှိုဏ်ဂူများတွင်ပုန်းအောင်းနေကြ လိမ့်မည်။
22 သေမျိုးဖြစ်သောသူတို့အား ယုံကြည်ကိုး စားမှုမပြုကြနှင့်။ သူတို့သည်အဘယ် မျှတန်ဖိုးရှိပါသနည်း။