5
အာဒံ၏သားစဉ်မြေးဆက်
(၅ရာ၊ ၁:၁-၄)
1 အာဒံ၏သားစဉ်မြေးဆက်စာရင်းကိုဖော် ပြပေအံ့။ (ဘုရားသခင်သည်လူကိုဖန်ဆင်း ရာ၌ မိမိ၏ပုံသဏ္ဌာန်နှင့်တူစွာဖန်ဆင်းတော် မူ၏။-✡ က၊ ၁:၂၇-၂၈။ 2 ကိုယ်တော်သည်လူယောကျာ်းနှင့်လူမိန်းမတို့ ကိုဖန်ဆင်း၍ သူတို့အားကောင်းချီးပေး လျက်လူဟုသမုတ်တော်မူ၏။-)✡ မ၊ ၁၉:၄။ မာ၊ ၁၀:၆။ 3 အာဒံသည်အသက်တစ်ရာသုံးဆယ်ရှိသော် သူနှင့်ရုပ်ချင်းတူသောသားကိုရ၍ ရှေသ ဟုနာမည်မှည့်လေ၏။- 4 ထိုသားကိုရပြီးနောက်အာဒံသည် နှစ်ပေါင်း ရှစ်ရာဆက်၍အသက်ရှည်လျက် သားသမီး များထပ်ရသေး၏။- 5 သူသည်အသက်ကိုးရာသုံးဆယ်နှစ်ရှိသော် ကွယ်လွန်လေ၏။
6 ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။- 7 ထိုနောက်သူသည်ရှစ်ရာခုနစ်နှစ်ဆက်၍ အသက်ရှည်ရှည်နေရပြီးလျှင် သားသမီး များထပ်၍ရသေး၏။- 8 သူသည်အသက်ကိုးရာတစ်ဆယ့်နှစ်နှစ်ရှိ သော်ကွယ်လွန်လေ၏။
9 ဧနုတ်သည်အသက်ကိုးဆယ်ရှိသောအခါ သားကာဣနန်ကိုရပြီးနောက်၊- 10 ရှစ်ရာတစ်ဆယ့်ငါးနှစ်ဆက်၍ အသက်ရှည်ရှည် နေရလေ၏။ သူသည်သားသမီးများထပ်၍ ရသေး၏။- 11 အသက်ကိုးရာငါးနှစ်ရှိသော်ကွယ်လွန်လေ၏။
12 ကာဣနန်သည်အသက်ခုနစ်ဆယ်ရှိသောအခါ သားမဟာလေလကိုရပြီးနောက်၊- 13 နှစ်ပေါင်းရှစ်ရာလေးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။- 14 အသက်ကိုးရာတစ်ဆယ်နှစ်ရှိသော်ကွယ်လွန် လေ၏။
15 မဟာလေလသည်အသက်ခြောက်ဆယ်နှစ်ရှိ သောအခါ သားယာရက်ကိုရပြီးနောက်၊- 16 နှစ်ပေါင်းရှစ်ရာသုံးဆယ်ဆက်၍အသက်ရှည် ရှည်နေရလေ၏။ သူသည်သားသမီးများထပ် ၍ရသေး၏။- 17 အသက်ရှစ်ရာကိုးဆယ့်ငါးနှစ်ရှိသော်ကွယ်လွန် လေ၏။
18 ယာရက်သည်အသက်တစ်ရာ့ခြောက်ဆယ့်နှစ်နှစ် ရှိသောအခါသားဧနောက်ကိုရပြီးနောက်၊- 19 နှစ်ရှစ်ရာဆက်၍အသက်ရှည်ရှည်နေရ၏။ သူ သည်သားသမီးများထပ်၍ရသေး၏။- 20 အသက်ကိုးရာခြောက်ဆယ့်နှစ်နှစ်ရှိသော် ကွယ်လွန်လေ၏။
21 ဧနောက်သည်အသက်ခြောက်ဆယ့်ငါးနှစ်ရှိ သောအခါ သားမသုရှလကိုရလေ၏။- 22 ဧနောက်သည်ထာဝရဘုရားနှင့်မိတ်သဟာယ ဖွဲ့လျက် နှစ်ပေါင်းသုံးရာဆက်၍အသက်ရှည်၍ နေထိုင်စဉ်သားသမီးများထပ်၍ရသေး၏။- 23 သူသည်အသက်သုံးရာခြောက်ဆယ့်ငါးနှစ် အထိအသက်ရှည်၏။- 24 သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။✡ ဟေဗြဲ၊ ၁၁:၅။ ယု၊ ၁၄။
25 မသုရှလသည်လည်းအသက်တစ်ရာရှစ်ဆယ့် ခုနစ်နှစ်ရှိသောအခါ သားလာမက်ကိုရပြီး နောက်၊- 26 ခုနစ်ရာရှစ်ဆယ်နှစ်ဆက်၍အသက်ရှည်၏။ သူသည်သားသမီးများထပ်၍ရသေး၏။- 27 အသက်ကိုးရာခြောက်ဆယ့်ကိုးနှစ်ရှိသော် ကွယ်လွန်လေ၏။
28 လာမက်သည်လည်းအသက်တစ်ရာရှစ်ဆယ့်နှစ် နှစ်ရှိသောအခါ သားတစ်ယောက်ကိုရလေ၏။- 29 ``ထာဝရဘုရားကမြေကိုကျိန်စာသင့်စေ သဖြင့် ငါတို့သည်ပင်ပန်းစွာလုပ်ကိုင်ရာမှ ဤသားသည်သက်သာရာရစေမည့်သူဖြစ် သည်'' ဟုလာမက်ဆို၍ထိုသားကိုနောဧဟု နာမည်မှည့်လေ၏။- 30 သူသည်ငါးရာကိုးဆယ့်ငါးနှစ်ဆက်၍အသက် ရှည်၍နေထိုင်စဉ် သားသမီးများထပ်၍ရသေး ၏။- 31 အသက်ခုနစ်ရာခုနစ်ဆယ့်ခုနစ်နှစ်ရှိသော် ကွယ်လွန်လေသည်။
32 နောဧသည်အသက်ငါးရာပြည့်ပြီးနောက်ရှေမ၊ ဟာမနှင့်ယာဖက်နာမည်ရှိသားသုံးယောက်ကို ရလေ၏။