ဋ္ဌမ္မရာဇဝင်ဒုတိယစောင်
နိဒါန်း
ဋ္ဌမ္မရာဇဝင်ဒုတိယစောင်သည် ဋ္ဌမ္မရာဇဝင် ပထမစောင်၏အကြောင်းဆက်ဖြစ်၍ ရှင်ဘုရင် ဒါဝိဒ်၏နန်းစံသမိုင်းဖြစ်သည်။ ဒါဝိဒ်သည် ဦးစွာတောင်ပိုင်း၌တည်ရှိသောယုဒပြည် ကိုအုပ်ချုပ်သည် (အခန်း၁-၄)။ ထိုနောက်မြောက်ပိုင်း ၌တည်ရှိသောဣသရေလပြည်အပါအဝင် တစ်နိုင်ငံလုံးကိုအုပ်ချုပ်သည် (အခန်း ၅-၂၄)။ ဒါဝိဒ်ဘုရင်သည်မိမိ၏နိုင်ငံကိုတိုးချဲ့ ရန်နှင့်မိမိ၏အာဏာတည်မြဲစေရန် ပြည် တွင်းပြည်ပရန်သူများကိုမည်ကဲ့သို့ဆိုင် ပြိုင်တွန်းလှန်ရကြောင်းရှင်းလင်းပြတ်သား စွာဖော်ပြထားသည်။ ဒါဝိဒ်သည်ဘုရားသခင်အားယုံကြည်၊ ကြည်ညိုမှုအားကြီး သူပ္ဂိုလ်အဖြစ်နှင့်လည်းကောင်း၊ မိမိပြည် သူတို့၏သစ္စာစောင့်မှုကိုရယူနိုင်သူပ္ဂိုလ် အဖြစ်နှင့်လည်းကောင်းဖော်ပြထားသည်။ ထို့အပြင်သူသည်မိမိအလိုဆန္ဒနှင့် မျှော်မှန်းချက်ပေါက်မြောက်စေရန် တစ်ခါ တစ်ရံရက်စက်ကြမ်းကြုတ်မှုများကို ပြုလုပ်၍ ကြီးလေးသောအပြစ်များကို ကူးလွန်ကြောင်းကိုလည်းဖော်ပြထား သည်။ သို့ရာတွင်ထာဝရဘုရား၏ပရော ဖက်နာသန်ကသူ၏အပြစ်များကိုထုတ် ဖော်သောအခါ သူသည်ဝန်ချတောင်းပန် ၍ဘုရားသခင်စီရင်သောအပြစ်ဒဏ် ကိုခံယူလေသည်။
ဣသရေလအမျိုးသားတို့သည်ဒါဝိဒ် ဘုရင်၏ဘဝအသက်တာနှင့် ဆောင်ရွက် ချက်များကိုအလွန်စွဲလန်းနှစ်သက်ကြ ရကား နောင်အခါတစ်မျိုးသားလုံးအတိ ဒုက္ခရောက်သည့်အခါ သူတို့လိုလားတောင့် တသောဘုရင်မှာ``ဒါဝိဒ်၏သားတော်'' တစ် နည်းကားဒါဝိဒ်နှင့်တူသူ၊ ဒါဝိဒ်၏ အဆက်အနွယ်မှဆင်းသက်သူဖြစ် သတည်း။
အကြောင်းအရာအကျဉ်းချုပ်
ယုဒပြည်ကိုဒါဝိဒ်အုပ်စိုးခြင်း ၁:၁-၄:၁၂
ဣသရေလနိုင်ငံတစ်ခုလုံးကို ဒါဝိဒ်အုပ်စိုးခြင်း ၅:၁-၂၄:၂၅
(က) နန်းစံနှစ်ဦးပိုင်း ၅:၁-၁၀:၁၉
(ခ) ဒါဝိဒ်နှင့်ဗာသရှေဘ ၁၁:၁-၁၂:၂၅
(ဂ) ဘေးဒုက္ခနှင့်အခက်အခဲများ ၁၂:၂၆-၂၀:၂၆
(ဃ) နှစ်နှောင်းပိုင်း ၂၁:၁-၂၄:၂၅
1
ရှောလုကွယ်လွန်ကြောင်းကို ဒါဝိဒ်ကြားသိရခြင်း
1 ရှောလုကွယ်လွန်ပြီးနောက်ဒါဝိဒ်သည်အာ မလက်မြို့သားတို့ကိုနှိမ်နင်းရာမှပြန် လာ၍ ဇိကလတ်မြို့တွင်နှစ်ရက်မျှနေ၏။- 2 နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။- 3 ဒါဝိဒ်ကသူ့အား``သင်သည်အဘယ်အရပ် ကလာသနည်း'' ဟုမေး၏။
ထိုသူက``ကျွန်တော်သည်ဣသရေလတပ်စခန်း မှထွက်ပြေးခဲ့ပါသည်'' ဟုဖြေကြား၏။
4 ဒါဝိဒ်က``အမှုကားအဘယ်သို့နည်း'' ဟု မေးလျှင်၊
လူငယ်က``ကျွန်တော်တို့၏တပ်မတော်သည် တပ်လန်၍သွားသဖြင့် လူအများကျဆုံး ကြပါသည်။ ရှောလုမင်းနှင့်သားတော်ယော နသန်တို့သည်လည်းအသတ်ခံရကြပါ ၏'' ဟုဆို၏။
5 ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
6 ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။- 7 ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊- 8 မင်းကြီးသည်ကျွန်တော်အားမည်သူဖြစ် သည်ကိုမေးတော်မူသဖြင့် ကျွန်တော်က အာမလက်ပြည်သားဖြစ်ကြောင်းဖြေ ကြားလျှောက်ထားပါ၏။- 9 ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။- 10 မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။✡ ၁ရာ၊ ၃၁:၁-၆။ ၅ရာ၊ ၁၀:၁-၆၊ ၁:၁၈။
11 ဒါဝိဒ်နှင့်သူ၏လူတို့သည်ဝမ်းနည်းကြေကွဲ သည့်အနေဖြင့် မိမိတို့၏အဝတ်များကို ဆုတ်ဖြဲကြ၏။- 12 သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
13 သတင်းယူဆောင်လာသူလူငယ်အားဒါဝိဒ် က``သင်သည်အဘယ်ပြည်သားနည်း'' ဟုမေး လျှင်၊
``ကျွန်တော်သည်အာမလက်ပြည်သားဖြစ် ပါ၏။ သို့ရာတွင်အရှင်၏ပြည်တွင်နေထိုင် ပါသည်'' ဟုပြန်၍လျှောက်၏။
14 ဒါဝိဒ်က``သင်သည်အဘယ်ကြောင့်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင်ကို သတ်ဝံ့ပါသနည်း'' ဟုဆိုပြီးလျှင်ငယ်သား တစ်ယောက်ကိုခေါ်၍``ဤသူကိုကွပ်မျက်ပစ် လော့'' ဟုအမိန့်ပေးရာ၊- 15 ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။- 16 ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
ရှောလုနှင့်ယောနသန်တို့အတွက်ဒါဝိဒ်၏ငိုချင်း
17 ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့အတွက် အောက်ပါသီချင်းကိုဖွဲ့ဆို၏။
18 ယင်းကိုယုဒပြည်သူတို့အားလည်းသင်ကြား ပေးရန်အမိန့်ပေး၏။ (ဤအကြောင်းအရာ ကိုယာရှာစာစောင်တွင်မှတ်တမ်းတင်ထား သတည်း။)✡ ယောရှု၊ ၁၀:၁၃။
19 ``ငါတို့ခေါင်းဆောင်များကားဣသရေလ တောင်ကုန်းများတွင်သေဆုံးကြလေပြီ။
သူရဲကောင်းကြီးများကျဆုံးကြလေပြီ။
20 ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း
အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။
ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။
ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
21 ``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။
ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။
အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည်
သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊
ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
22 ခွန်အားကြီးသူတို့ကိုပစ်ခတ်ရာတွင်လည်း ကောင်း၊ ရန်သူကိုသတ်ဖြတ်ရာတွင်လည်းကောင်း၊
ယောနသန်၏လေးသည်အာနိသင်ထက်လှ၍ ရှောလု၏ဋ္ဌားသည်သနားညှာတာမှုမရှိ။
23 ``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ
လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
24 ``ဣသရေလအမျိုးသမီးတို့၊ရှောလုအတွက် ငိုကြွေးမြည်တမ်းကြလော့။
သူသည်သင်တို့အားကမ္ဗလာနီထည်ကို ဝတ်ဆင်စေ၍
ကျောက်မျက်ရတနာ၊ရွှေတန်ဆာဖြင့် ဆင်ယင်ပေးတော်မူ၏။
25 သူရဲကောင်းစစ်သည်တော်တို့ကျဆုံး ကြလေပြီ။ သူတို့သည်တိုက်ပွဲတွင်အသတ်ခံရကြ၏။
ယောနသန်သည်တောင်ကုန်းများပေါ်တွင် လဲ၍သေနေလေပြီ။
26 ``ငါ့ညီယောနသန်၊ငါသည်သင့်အတွက် ဝမ်းနည်းကြေကွဲပါ၏။
ငါသည်သင့်ကိုလွန်စွာချစ်မြတ်နိုးပါ၏။
ငါ့အပေါ်၌သင်ထားရှိသောမေတ္တာသည် အံ့သြဖွယ်ကောင်း၍
အမျိုးသမီးတို့၏မေတ္တာထက်ပင်လွန်ကဲ ပါပေသည်။
27 ``သူရဲကောင်းစစ်သည်တော်တို့သည် ကျဆုံးကြလေပြီ။
သူတို့၏လက်နက်များသည်စွန့်ပစ်ခြင်းကိုခံရ၍ အသုံးမဝင်ကြတော့သည်တကား။''