5
1 ရှောလမုန်မင်းသည်ဗိမာန်တော်တည်ဆောက် မှုလုပ်ငန်းရှိသမျှကိုဆောင်ရွက်ပြီးသောအခါ ထာဝရဘုရားအားခမည်းတော်ဒါဝိဒ်မင်း ဆက်ကပ်လှူဒါန်းခဲ့သောရွှေ၊ ငွေနှင့်အခြား ပစ္စည်းအသုံးအဆောင်များကိုဗိမာန်တော် သိုလှောင်ခန်းများတွင်ထားတော်မူ၏။✡ ၂ရာ၊ ၈:၁၁။ ၅ရာ၊ ၁၈:၁၁။
ပဋိညာဉ်သေတ္တာတော်ကိုဗိမာန်တော်သို့ ပင့်ဆောင်ခြင်း
(၃ရာ၊ ၈:၁-၉)
2 ထိုနောက်ရှောလမုန်မင်းသည်ပဋိညာဉ်သေတ္တာ တော်ကို ဇိအုန်မည်သောဒါဝိဒ်မြို့မှပင့်ဆောင် ရန်အတွက် ဣသရေလအနွယ်များနှင့်သား ချင်းစုခေါင်းဆောင်အပေါင်းတို့ကို ယေရု ရှလင်မြို့တွင်စုရုံးရန်ဆင့်ခေါ်တော်မူ၏။-✡ ၂ရာ၊ ၆:၁၂-၁၅။ ၅ရာ၊ ၁၅:၂၅-၂၈။ 3 သူတို့အားလုံးသည်သစ်ခက်တဲနေပွဲတော် အခါ၌လာရောက်စုရုံးကြလေသည်။- 4 ခေါင်းဆောင်အပေါင်းတို့စုရုံးမိကြသော အခါ လေဝိအနွယ်ဝင်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုချီပင့်၍- 5 ဗိမာန်တော်သို့ပင့်ဆောင်ကြ၏။ ယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ကိုလည်း သက်ဆိုင်ရာပစ္စည်းတန်ဆာရှိသမျှတို့နှင့် တကွဗိမာန်တော်သို့ပြောင်းရွှေ့ကြ၏။- 6 ရှောလမုန်မင်းနှင့်ဣသရေလပြည်သူအပေါင်း တို့သည် ပဋိညာဉ်သေတ္တာတော်ရှေ့တွင်စုဝေး ၍မရေမတွက်နိုင်အောင်များသောသိုးနွား တို့ကိုယဇ်ပူဇော်ကြ၏။- 7 ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုဗိမာန်တော်ထဲသို့ပင့်ဆောင် လာပြီးလျှင် အလွန်သန့်ရှင်းရာဌာနတော် ၌ခေရုဗိမ်များ၏အကြားတွင်ထားကြ၏။- 8 ခေရုဗိမ်တို့၏အတောင်များသည်သေတ္တာတော် နှင့်ထမ်းပိုးများကိုလွှမ်းမိုးထားလေသည်။- 9 ထမ်းပိုးအဖျားများကိုသန့်ရှင်းရာဌာနတော် အဝင်ဝတစ်နေရာမှတွေ့မြင်နိုင်သော်လည်း အခြားမည်သည့်နေရာကမျှမတွေ့မမြင် နိုင်။ ထိုထမ်းပိုးများသည်ယနေ့တိုင်အောင်ထို နေရာတွင်ရှိပေသေး၏။- 10 ပဋိညာဉ်သေတ္တာတော်အတွင်း၌ပညတ်တော် ကျောက်ပြားနှစ်ချပ်မှတစ်ပါးအခြားအဘယ် အရာမျှမရှိ။ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့ထွက်ခွာလာချိန်၌ သူတို့နှင့်ထာဝရ ဘုရားပဋိညာဉ်ပြုတော်မူစဉ်အခါက မောရှေ သည်ထိုကျောက်ပြားများကိုပဋိညာဉ်သေတ္တာ တော်တွင်ထားခဲ့သတည်း။✡ တရား၊ ၁၀:၅။
ထာဝရဘုရား၏ဘုန်းအသရေတော်
11-14 ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က
``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။
ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။✡ ၅ရာ၊ ၁၆:၃၄။ ၆ရာ၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာလံ၊ ၁၀၀:၅၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊ ၃၃:၁၁။
ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။✡ ထွ၊ ၄၀:၃၄-၃၅။