24
ရှောလုအားဒါဝိဒ်အသက်ချမ်းသာပေးခြင်း
1 ရှောလုသည်ဖိလိတ္တိအမျိုးသားတို့နှင့်စစ် တိုက်ရာမှပြန်လည်ရောက်ရှိလာသောအခါ အင်္ဂေဒိမြို့အနီးရှိတောကန္တာရတွင်ဒါဝိဒ် ရှိနေကြောင်းကြားလျှင်၊- 2 ဣသရေလလက်ရွေးစင်စစ်သည်တော်သုံး ထောင်ကိုခေါ်၍ ဆိတ်ရိုင်းများနေရာကျောက် ဆောင်များတွင် ဒါဝိဒ်နှင့်အပေါင်းပါတို့ အားရှာဖွေရန်ထွက်ခွာသွားတော်မူသည်။- 3 မင်းကြီးသည်လမ်းအနီးရှိသိုးခြံများ အနားမှာဂူတစ်ခုကိုတွေ့သဖြင့် ကိုယ်လက် သုတ်သင်ရန်ဝင်တော်မူ၏။ ထိုဂူကားအခြား မဟုတ်၊ အတွင်းပိုင်းတွင်ဒါဝိဒ်တို့လူစု ပုန်းအောင်းနေသည့်ဂူပင်ဖြစ်သည်။✡ ဆာ၊ ၅၇ ခေါင်းစဉ်။ ဆာ၊ ၁၄၂ ခေါင်းစဉ်။
4 ဒါဝိဒ်၏လူတို့က``ထာဝရဘုရားသည်ရန် သူအား အရှင်၏လက်သို့ပေးအပ်တော်မူမည် ဟူ၍လည်းကောင်း၊ သူ့အားအရှင်အလိုရှိ သလိုပြုနိုင်လိမ့်မည်ဟူ၍လည်းကောင်း မိန့် တော်မူခဲ့သည့်အတိုင်းယခုအရှင်အခွင့် ကောင်းကြုံပါပြီ'' ဟုဆိုကြ၏။ ဒါဝိဒ်သည် ရှောလုရှိရာသို့သွားကာ ရှောလု၏ဝတ်လုံ ကိုတိတ်တဆိတ်လှီးဖြတ်လိုက်၏။- 5 သို့ရာတွင်ယင်းသို့ပြုမိသည့်အတွက် ဒါဝိဒ် လိပ်ပြာမသန့်ဖြစ်လာ၏။- 6 ထို့ကြောင့်မိမိ၏လူတို့အား``ထာဝရဘုရား ဘိသိက်ပေးတော်မူသောဘုရင်၊ ငါ၏သခင် အားဘေးအန္တရာယ်မပြုမိစေရန်ထာဝရ ဘုရားသည်ငါ့ကိုဆီးတားတော်မူပါစေ သော။ မင်းကြီးသည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ဖြစ်သဖြင့် ငါသည်သူ့ အားစိုးစဉ်းမျှဘေးအန္တရာယ်မပြုအပ်'' ဟု ဆို၏။-✡ ၁ရာ၊ ၂၆:၁၁။ 7 သို့ဖြစ်၍ရှောလုအားတိုက်ခိုက်ရန်မသင့် ကြောင်း မိမိ၏လူတို့ကိုဒါဝိဒ်ကကောင်း စွာနားလည်သဘောပေါက်စေလေသည်။
ရှောလုသည်ထ၍ဂူမှထွက်သွားလေ၏။- 8 ထိုအခါဒါဝိဒ်သည်လိုက်၍ထွက်ပြီးလျှင်``အ ရှင်မင်းကြီး'' ဟုဟစ်ခေါ်လိုက်၏။ ရှောလုလှည့် ၍ကြည့်သောအခါဒါဝိဒ်သည်ရိုသေစွာ မြေပေါ်တွင်ဦးညွှတ်ပျပ်ဝပ်လျက်၊- 9 ဤသို့လျှောက်တင်၏။ ``အကျွန်ုပ်သည်အရှင့် အားဘေးအန္တရာယ်ပြုရန်ကြိုးစားနေသည် ဟု လူတို့ပြောဆိုကြသောစကားကိုအရှင် အဘယ်ကြောင့်ယုံတော်မူပါသနည်း။- 10 ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။- 11 အကျွန်ုပ်၏ခမည်းတော်၊ ဤမှာကြည့်တော် မူပါ။ အကျွန်ုပ်ကိုင်ထားသည့်အရှင့်ဝတ်လုံစ ကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည်အရှင့် အားသတ်ဖြတ်နိုင်ခွင့်ရရှိခဲ့သော်လည်း ဤ ဝတ်လုံစကိုသာလျှင်လှီးဖြတ်ခဲ့ပါ၏။ အရှင့် အားပုန်ကန်ရန်သော်လည်းကောင်း၊ ဘေးအန္တရာယ် ပြုရန်သော်လည်းကောင်း အကျွန်ုပ်မကြံရွယ် ကြောင်းကိုဤအချက်အားဖြင့် အရှင်မင်း ကြီးကောင်းစွာနားလည်သဘောပေါက်သင့် ပါ၏။ အကျွန်ုပ်သည်အရှင့်အားအဘယ်သို့ မျှမပြစ်မှားခဲ့သော်လည်း အရှင်သည် အကျွန်ုပ်ကိုသတ်ရန်လိုက်လံဖမ်းဆီး လျက်နေပါ၏။- 12 အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား ကြောင်းကို ထာဝရဘုရားဆုံးဖြတ်တော်မူ ပါစေသော။ အရှင်အကျွန်ုပ်အားပြုခဲ့သည့် အမှုအရာအတွက် ကိုယ်တော်သည်အရှင့် အားအပြစ်ဒဏ်ခတ်တော်မူပါစေသော။ အကျွန်ုပ်သည်အရှင်အားစိုးစဉ်းမျှ ဘေးအန္တရာယ်ပြုလိမ့်မည်မဟုတ်ပါ။- 13 `ယုတ်မာမှုကိုယုတ်မာသူတို့သာလျှင်ပြု ကျင့်တတ်၏' ဟူသောရှေးစကားပုံကိုအရှင် သိတော်မူပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည် အရှင့်အားဘေးအန္တရာယ်ပြုလိမ့်မည် မဟုတ်ပါ။- 14 ဣသရေလဘုရင်သည်မည်သူ့ကိုသတ်ဖြတ် ရန် လိုက်လံဖမ်းဆီးနေပါသနည်း။ ခွေးသေ ကောင်ခွေးလှေးတို့ကိုလော။-✡ ၁ရာ၊ ၂၆:၂၀။ 15 အကျွန်ုပ်တို့နှစ်ဦးအနက်အဘယ်သူမှား သည်ကို ထာဝရဘုရားစီရင်ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကိုယ်တော်သည်ဤအမှုကို ကြည့်ရှုစစ်ဆေးတော်မူပါစေသော။ အကျွန်ုပ် ၏ဘက်မှချေပတော်မူ၍အကျွန်ုပ်အား အရှင်၏လက်မှကယ်တော်မူပါစေသော'' ဟုလျှောက်လေ၏။
16 ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။- 17 ထိုနောက်ဒါဝိဒ်အား``သင်သည်မှန်ကန်၍ ငါသည်မှားပါ၏။ ငါသည်သင့်အားဆိုး ယုတ်စွာပြုခဲ့သော်လည်း သင်သည်ငါ့ ကိုကျေးဇူးပြုပါသည်တကား။- 18 ယနေ့ငါ့အားသင်ပြုသောကျေးဇူးသည် ကြီးလှပါပေသည်။ ထာဝရဘုရားက ငါ့အားသင့်လက်သို့ပေးအပ်တော်မူသော် လည်းသင်သည်ငါ့ကိုမသတ်ခဲ့ပါ။- 19 လူသည်မိမိရန်သူကိုဖမ်းဆီးရမိပြီး နောက် ဘယ်အခါ၌ချမ်းသာပေးဖူးပါ သနည်း။ ယနေ့ငါ့အားသင်ပြုသောအမှု အတွက် ဘုရားသခင်သင့်ကိုကောင်းချီး ပေးတော်မူပါစေသော။- 20 သင်သည်ဣသရေလဘုရင်ဖြစ်လာမည်ကို လည်းကောင်း၊ ဣသရေလပြည်သည်သင်၏ လက်ဝယ်ဆက်လက်တည်မြဲနေမည်ကိုလည်း ကောင်းယခုငါအသေအချာသိပါ၏။- 21 သို့ရာတွင်ငါ၏နာမည်နှင့်ငါ့အိမ်ထောင်စုနာ မည်သည်လုံးဝပျောက်ကွယ်၍မသွားစေရန် သင်သည်ငါ့သားမြေးတို့အားအသက်ချမ်း သာပေးပါမည်ဟု ထာဝရဘုရား၏နာမ တော်ကိုတိုင်တည်၍ငါ့အားကတိပြုပါ လော့'' ဟုဆိုလျှင်၊- 22 ဒါဝိဒ်သည်ကတိပြုလေ၏။
ထိုနောက်ရှောလုသည်မိမိ၏နန်းတော်သို့ ပြန်၍ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်မိမိ တို့ပုန်းအောင်းရာအရပ်သို့ထွက်သွားကြ၏။